Local News

လက်ရှိဖြစ်ပေါ်နေသော မြစ်ကြီးနားမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Last Updated:

     မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး၌ ယခုလျက်ရှိတွင် ပေါ်ဆန်မွှေး ဆန်တစ်ပြည်   ၉၅၀၀ ကျပ်၊ လုံးသွယ်မွှေး ဆန်တစ်ပြည် ၆၅၀၀ ကျပ်၊ ဆင်း-၃ ဆန်တစ်ပြည် ၄၃၀၀ ကျပ်၊ ဧရာမင်း ဆန်တစ်ပြည်  ၇၄၀၀  ကျပ်၊ စောရှုပ် ဆန်တစ်ပြည် ၇၅၀၀ ကျပ်၊ မနော်သုခ ဆန်တစ်ပြည် ၄၅၀၀ ကျပ်နှင့် ‌ငွေတိုး ဆန်တစ်ပြည်  ၄၅၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူဈေးနှုန်းမှာ (ရှမ်း)တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၉၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာဈေးမှာ ၈၀၀၀ ကျပ်၊ ကုလားပဲ တစ်ပိဿာ ၉၀၀၀ ကျပ်၊ မြေပဲဆံ တစ်ပိဿာ ၁၂၀၀၀ ကျပ်နှင့် ကြက်ဥဈေးနှုန်းမှာ တစ်လုံး ၆၀၀ ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ (ဗမာ) တစ်ပိဿာ ၄၈၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ(ပေါင်) ၅၀၀၀၀ ကျပ်၊ အမဲသား(ပေါင်) တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၄၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ် လျက်ရှိ ကြောင်းသိရှိရသည်။ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ(ရှယ်) တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ မုန့်ညှင်းဆီ တစ်ပိဿာ ၂၈၀၀၀ ကျပ်နှင့် နှမ်းဆီ တစ်ပိဿာ ၂၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News